Print

Dyslipidemia (သွေးတွင်းအဆီဓာတ်ပမာဏပုံမှန်မဟုတ်ခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

dyslipidemia ဆိုသည်မှာ သွေးထဲတွင် ခန္ဓာကိုယ်အတွက် မကောင်းမွန်သောအဆီများ (LDL) - {ကိုလက်စ်စရော (Cholestrol) ၊ Triglycerides (TGs) } ဟုခေါ်သောအဆီများ ပုံမှန်ပမာဏထက်များလာခြင်း၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သောအဆီ(HDL) များနည်းခြင်း တို့ဖြစ်သည်။


လက္ခဏာများ

သွေးတွင်းအဆီဓာတ်ပမာဏ ပုံမှန်မဟုတ်ခြင်း အတွက် တိတိကျကျဖော်ပြပေးနိုင်သော လက္ခဏာများတော့မရှိပါ။ သို့သော် ပိုလျှံနေသောအဆီဓာတ်များက ခန္ဓာကိုယ်အတွင်းရှိ သွေးကြောထဲတွင် စုကာ သွေးကြောပိတ်ခြင်းများ ဖြစ်တက်သည်။ TGs များလျှင် မုတ်ချိုအိတ်ရောင်ခြင်း၊ LDLs များလျှင် အရွတ်များတွင် အဆီကျိတ်လေးများဖြစ်ပေါ်ခြင်း (ခြေကျင်းဝတ်နား၊ ဒူးခေါင်း၊ တံတောင်ဆစ်) တို့ဖြစ်နိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

- မွေးရာပါ သွေးတွင်းအဆီဓာတ်မမှန်ခြင်း၊ 

- အဆီများစားသုံးခြင်း

- သွေးချို ဆီးချိုရောဂါရှိခြင်း

- အရက်အလွန်အကျွံ သောက်သုံးခြင်း

- နာတာရှည်ကျောက်ကပ်ရောဂါ ရှိခြင်း

- သိုင်းရွိုက်ဟော်မုန်းနည်းခြင်း

- အသည်းရောဂါရှိခြင်း

- အဝလွန်ခြင်း

- ဆေးများ - စတီးရွိုက်ဆေးများ၊ တစ်ချို့သောဟော်မုန်းဆေးများ၊ Anti retroviral treatment (HIV ရောဂါအတွက်သောက်သုံးသောဆေးများ) သောက်သုံးသောသူများ။


ဖြစ်နိုင်ချေများသူများ

- ဆေးလိပ်သောက်သောသူများ

- သွေးချို /ဆီးချို ရောဂါရှိသူများ

- သွေးတိုးရှိသူများ

- အဝလွန်သောသူများ (အထူးသဖြင့် ခါး ဝန်းကျင် ၊ ဗိုက် ဝန်းကျင်တို့တွင် အဆီများစုပုံနေသောသူများ)

- လေ့ကျင့်ခန်းများ ပုံမှန် မလုပ်သူများ

- ပုံမမှန်သောအစာအစားများစားသုံးခြင်း (အဆီများသောအစားအစာ စားသုံးခြင်း)


နောက်ဆက်တွဲ ပြဿနာများ

ကိုလက်စရောဓာတ် များခြင်းကြောင့် 

- သွေးကြောနံရံများအဆီဖုံးခြင်း

- ရင်ဘက်အောင့်ခြင်း

- လေဖြတ်ခြင်း

- နှလုံးရောဂါဖောက်ခြင်း 

- အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ခြင်း

- ခေါင်းကိုက်ခြင်း

- ညအိပ်မပျော်ခြင်း 

- အသည်းရောင်ခြင်း အစရှိသည့် နောက်ဆက်တွဲ ပြဿနာများဖြစ်နိုင်ပါသည်။


စစ်ဆေးမှုများ

- သွေးစစ်ခြင်း - Lipid Profile (သွေးတွင်းအဆီဓာတ်အမျိုးမျိုးကို စစ်ဆေးကြည့်ခြင်း)

- ECG ဆွဲခြင်း

- Echocardiograph (နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း)

- Ultrasoundရိုက်ခြင်း


ကုသခြင်း

ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်၍ သွေးတွင်းအဆီဓာတ်ချပေးသောဆေးများဖြင့် ကုသနိုင်သည်။


ကာကွယ်ခြင်း

အဓိကအနေဖြင့် လူနေမှုပုံစံပြောင်းလဲသင့်သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများစားသုံးခြင်း တို့ဖြင့် သွေးတွင်းမကောင်းသောအဆီပုံမမှန်တက်မှုကို ကာကွယ်နိုင်သည်။


Ref: Merck Manual , Google

Translated by Dr Myo Myint



Related Articles


Advertisment 18